Guide: Roles and Expectations in the Unaccompanied Refugee Minor (URM) Program - Burmese

Guide: Roles and Expectations in the Unaccompanied Refugee Minor (URM) Program - Burmese

အချက်အလက်စုစည်းမှု စာရွက် လမ်းညွှန်ချက်- အဖော်မပါရှိသော အသက်မပြည့်သေးသူ ဒုက္ခသည်များ (URM) အစီအစဉ်တွင် ပါဝင်သော အခန်းကဏ္ဍများနှင့် မျှော်မှန်းချက်များ

FACT SHEET

URM အစီအစဉ်သည် အမေရိကန်ပြည်ထောင်စုတွင် အုပ်ထိန်းစောင့်ရှောက်သူ မိဘ၊ တရားဝင်အုပ်ထိန်းသူ သို့မဟုတ် ဆွေမျိုးမရှိဘဲ ရောက်ရှိနေပြီး မိခင်နိုင်ငံသို့လည်း ပြန်နိုင်ခြင်းမရှိသော ဒုက္ခသည်များနှင့် အခြားအကျုံးဝင်သည့် လူငယ်များအား ပြုစုစောင့်ရှောက်ရန်နှင့် ကာကွယ်ရန် စီစဉ်ဆောင်ရွက်ပေးပါသည်။

URM အစီအစဉ်သည် သင့်အတွက် ကလေးမွေးစားမည့် အိမ်များ၊ လိုအပ်ချက်ရှိသူများ ပေါင်းစု နေထိုင်သည့် အိမ်များ၊ ကြီးကြပ်မှုအောက်တွင် သီးခြားလွတ်လပ်စွာ နေထိုင်စေခြင်း စသည့် အုပ်ထိန်း စောင့်ရှောက်ရေး အစီအစဉ်များကို စီစဉ်ဆောင်ရွက်ပေးပါသည် သို့မဟုတ်ပါက အမေရိကန် ပြည်ထောင်စုရှိ ဆွေမျိုးသားချင်းများနှင့် ပြန်လည်ဆုံစည်းနိုင်စေရန် ကူညီပေးပါသည်။ ၎င်းသည် ဆေးဘက်ဆိုင်ရာ၊ သွားဘက်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသုခနှင့် စိတ်ကျန်းမာရေး ဝန်ဆောင်မှု များ၊ ပညာရေး၊ ယဉ်ကျေးမှုပတ်ဝန်းကျင်သစ်တွင် အမှီအခိုကင်းကင်းနေထိုင်ခြင်းဆိုင်ရာ သင်တန်း များ၊ သင်၏ မူလလူမျိုးစု၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ မူလဝိသေသများကို အလေးထား ဂုဏ်ပြုခြင်းနှင့်အတူ ပတ်ဝန်းကျင်အသစ်တွင် အသားကျစေရန်နှင့် လူမှုအသိုက်အဝန်းသစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်စီးမျောနိုင်စေရန် ကူညီပေးမည့် ယဉ်ကျေးမှုရေးရာ မိတ်ဆက် ရှင်းလင်းမှုအစီအစဉ်တို့အပါအဝင် သင့်လိုအပ်ချက်များ ပြည့်မြောက်စေရန်နှင့် အောင်မြင်တိုးတက် စေရန်အတွက် အထောက်အကူဖြစ်စေသည့် အခြားဝန်ဆောင်မှုများကိုလည်း စီစဉ်ပေးပါသည်။

URM အစီအစဉ်တွင် ပါဝင်သော အခန်းကဏ္ဍများနှင့် မျှော်မှန်းချက်များမှာ မည်သည်တို့ဖြစ်သနည်း။

URM အစီအစဉ်တွင် သင်နှင့် သင်၏ အုပ်ထိန်းစောင့်ရှောက်မှုအောက်ရှိ အခြားသူများ ကျန်းမာစွာနှင့် ဘေးကင်းစွာနေထိုင်နိုင်ရန်၊ အမေရိကန်ပြည်ထောင်စုတွင် ဥပဒေနှင့်ညီညွတ်သော လူဝင်မှု ကြီးကြပ်ရေး သတ်မှတ်ချက်တစ်ရပ်ကို ရရှိနိုင်ရန်နှင့် အမှီအခိုကင်းစွာ နေထိုင်နည်းကို သင်ယူ တတ်မြောက်နိုင်ရန် ကူညီပေးမည့် စည်းမျဉ်းများနှင့် မျှော်မှန်းချက်များ ပါရှိပါသည်။ ဤအစီအစဉ်ကို ဒုက္ခသည်များ ပြန်လည်နေရာချထားရေးရုံး (ORR) က ရန်ပုံငွေထောက်ပံ့ပေးပါသည်၊ သို့သော် အစီအစဉ်ဆိုင်ရာ စည်းမျဉ်းအတိအကျမှာ ပြည်နယ်အလိုက် ကွဲပြားပါသည်။

သင်

  • သင့်အစီအစဉ်၊ ကျောင်းနှင့် (သင် အလုပ်လုပ်နေပါက) အလုပ်အကိုင်ဆိုင်ရာ သတ်မှတ်ချက်များအကြောင်း လေ့လာသင်ယူပြီး မျှော်မှန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။
  • သင့်အတွက် သတ်မှတ်ပေးထားသည့် တစ်ဦးချင်း ကူညီပံ့ပိုးပေးသော မန်နေဂျာနှင့် ပုံမှန်တွေ့ဆုံဆက်သွယ်ပါ။
  • URM အစီအစဉ်တွင် ပါဝင်ပတ်သက်သူအားလုံးနှင့် လေးစားသမှုရှိစွာနှင့် ပွင့်လင်းစွာ ပြောဆိုဆက်သွယ်ပါ-
    • မိမိ၏ လိုအပ်ချက်နှင့် လိုအင်ဆန္ဒများကို ထုတ်ဖော်ပြောပြပါ
    • ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ရာတွင်နှင့် အနာဂတ်အတွက် ကြိုတင်စီမံရာတွင် ပါဝင်ဆောင်ရွက်ပါ
    • သင်နေထိုင်သော လိုအပ်ချက်ရှိသူများ ပေါင်းစုနေထိုင်သည့်အိမ်၏ အိမ်တွင်းစည်းမျဉ်းများကို လိုက်နာပါ၊ သင် မည်သည့်နေရာသို့ သွားမည် ဖြစ်ကြောင်း၊ မည်သည်ကိုလုပ်ဆောင်မည်ဖြစ်ကြောင်း ရိုးသားစွာပြောပြပါ။ 
  • ချိန်းဆိုမှုများသို့ သွားရောက်ပါ သို့မဟုတ် အချိန်အလုံအလောက် ကြိုတင်အကြောင်းကြားလျက် ပယ်ဖျက်ပါ။
  • အမှီအခိုကင်းစွာ နေထိုင်နိုင်ရေး အခြေအနေတိုးတက်မှုရှိအောင် လုပ်ဆောင်ပါ။
  • ဥပဒေနှင့်မညီညွတ်သော၊ ဘေးမကင်းသော လုပ်ရပ်များတွင် ပါဝင်ခြင်းမပြုပါနှင့်။

အုပ်ထိန်းစောင့်ရှောက်သူများ

  • အုပ်ထိန်းစောင့်ရှောက်သူများတွင် မွေးစားမိဘများ၊ တရားဝင်အုပ်ထိန်းသူများ သို့မဟုတ် ပေါင်းစုနေထိုင်ရာအိမ်ရှိ ဝန်ထမ်းများ ပါဝင်နိုင်သည်။
  • ရှင်းလင်းတိကျသော စည်းမျဉ်းများနှင့် မျှော်မှန်းချက်များ ချမှတ်ပေးသည်။
  • အစားအစာ၊ အဝတ်အထည်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းများနှင့် ဘေးကင်းလုံခြုံသည့် အိပ်စက်ရန်နေရာတစ်ခုကဲ့သို့သော အခြေခံနေ့စဉ်လိုအပ်ချက်များဖြင့် သင့်ကို ပံ့ပိုးပေးသည်။
  • ပံ့ပိုးကူညီမှုရှိသော မိသားစုပတ်ဝန်းကျင် သို့မဟုတ် ပေါင်းစုနေထိုင်ရာအိမ်တွင်း အသေးစားဖွဲ့စည်းပုံတစ်ရပ်အတွင်းသို့ သင့်ကို ဖိတ်ခေါ်ကြိုဆိုသည်။
  • သင့်ပညာရေးကို ပံ့ပိုးဆောင်ရွက်ပေးပြီး ကျောင်းတွင် သင့်တိုးတက်မှုကို ကြီးကြပ် ဖော်ဆောင်ပေးကာ အမှီအခိုကင်းစွာ နေထိုင်နိုင်စေရန် သင့်ကို ကူညီပြင်ဆင်ပေးသည်။
  • အုပ်ထိန်းစောင့်ရှောက်အနေဖြင့် သင့်အတွက် သတ်မှတ်ထားသည့် တစ်ဦးချင်း ကူညီပံ့ပိုးပေးသော မန်နေဂျာနှင့် ဆက်သွယ်ပြောဆိုရမည်။

တစ်ဦးချင်း ကူညီပံ့ပိုးပေးသော မန်နေဂျာများ

  • သင်နှင့် ပုံမှန်တွေ့ဆုံဆက်သွယ်သည်။
  • သင့်အခြေခံလိုအပ်ချက်များ ပြည့်မြောက်ကြောင်း သေချာစေရန် ဆောင်ရွက်ပေးသည်။ တစ်ဦးချင်း ကူညီပံ့ပိုးပေးသော မန်နေဂျာများသည် သင်၏ နေရေးထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ညီပြီး သင့်လျော်ကောင်းမွန်သော အစားအစာစားသောက်ရေး၊ အဝတ်အထည်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အသက်အရွယ်နှင့်လျော်ညီသော ကွပ်ကဲကြီးကြပ်မှု၊ ချိန်းဆိုမှုများသို့ သွားရောက်ရေး၊ ပျော်ရွှင်ဖွယ်လှုပ်ရှားမှုများတွင် ပါဝင်ရေး၊ ယဉ်ကျေးမှုအရ ဆက်စပ်ချိတ်ဆက်မှုနှင့် လူမျိုးရေးဆိုင်ရာ အမွေအနှစ် ထိန်းသိမ်းရေး၊ ဘာသာရေးဝန်ဆောင်မှုများနှင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက် ညှိနှိုင်းဆောင်ရွက်ပြီး စောင့်ကြည့်ပေးသည်။
    • တစ်ဦးချင်းအလိုက် ဝန်ဆောင်မှုအစီအမံကို ရေးဆွဲရန်နှင့် သင် မိမိဘာသာ ရပ်တည်နိုင်စေရန်အတွက် ကြိုးပမ်းရန် သင့်အား အုပ်ထိန်းစောင့်ရှောက် ပေးသူများနှင့် တွဲဖက်ဆောင်ရွက်သည်။
  • မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်စေမည့် အခွင့်အလမ်းများကို ရှာဖွေပေးသည်။
  • ပညာရေး၊ ယဉ်ကျေးမှု၊ ဆေးဘက်ဆိုင်ရာနှင့် လူဝင်မှုကြီးကြပ်ရေး/ဥပဒေရေးရာ ဝန်ဆောင်မှုများအတွက် ကိုယ်စားပြုရပ်တည်ပေးသည်။

ရှေ့နေများ

ရှေ့နေတစ်ဦးနှင့် ဆက်ဆံဆောင်ရွက်ခြင်းသည် သင်၏ တိတိပပ လိုအပ်ချက်များ၊ လူဝင်မှုကြီးကြပ် ရေး ဖြစ်ရပ်အခြေအနေနှင့် သင်နေထိုင်သည့် ပြည်နယ်၏ တရားရုံးဆိုင်ရာ သတ်မှတ်ချက်များအပေါ် မူတည်သည်။ အချို့ပြည်နယ်များတွင် သင့်ကို ပံ့ပိုးကူညီပေးရန် တရားရုံးမှခန့်အပ်သော အထူးကိုယ်စားပြုရှေ့နေ (CASA) သို့မဟုတ် ဖြစ်စဉ်ကိစ္စအလိုက် ခန့်အပ်သော ရှေ့နေ-အုပ်ထိန်းသူ  (LAGL) ကဲ့သို့ နောက်ထပ်ကိုယ်စားပြုဆောင်ရွက်သူများ ရှိနိုင်သည်။

  • လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေများသည် ဥပဒေနှင့်ညီညွတ်သော လူဝင်မှု ကြီးကြပ်ရေး သတ်မှတ်ချက်တစ်ရပ်ကို ရရှိရန်၊ လူဝင်မှုကြီးကြပ်ရေး သို့မဟုတ် ပြည်ပ ခရီးသွားလာရေးနှင့်ပတ်သက်သော မေးခွန်းများကို ဖြေကြားပေးရန်နှင့် ဥပဒေစိုးမိုးရေး အဖွဲ့နှင့် ဆက်ဆံဆောင်ရွက်မှုမှန်သမျှအတွက် တိုင်ပင်ဆွေးနွေးရန် သင့်ကို ကူညီနိုင်သည်။
  • မှီခိုသူများကို ကိုယ်စားပြုသည့် ရှေ့နေများသည် မှီခိုသူများကို စစ်မေးသည့် တရားရုံး (ကလေးသူငယ် တရားရုံး) တွင် သင့်ကို ကိုယ်စားပြုလျှောက်လဲပေးနိုင်ပြီး မှီခိုသူများကို စစ်မေးသည့် တရားရုံးဆိုင်ရာ ညွှန်ကြားချက်များအား နားလည်စေရန် ကူညီပေးနိုင်သည် (မှီခိုသူများကို စစ်မေးသည့် တရားရုံးဆိုင်ရာ ကြီးကြပ်ရေးသည် ပြည်နယ်တစ်ခုနှင့်တစ်ခု ကွဲပြားသည်။)

ဘာသာပြန်နှင့် စကားပြန်များ

  • ချိန်းဆိုမှုများတွင် သင် ပိုမိုအသုံးပြုလိုသော ဘာသာစကားဖြင့် လူကိုယ်တိုင်၊ အွန်လိုင်းမှ သို့မဟုတ် ဖုန်းအသုံးပြုလျက် လိုအပ်သလို အပြန်အလှန် စကားပြန်လုပ်ပေးပြီး ယဉ်ကျေးမှုပိုင်း အသိအမြင်များ ပေးစွမ်းသည်။
  • သင့်အတွက် အစီအစဉ်စာရွက်စာတမ်းနှင့် အခြားစာရွက်စာတမ်းများကို လိုအပ်သလို ဘာသာပြန်ဆိုပေးသည်။
  • သင်၏အချက်အလက်များကို သီးသန့်လျှို့ဝှက်ထားခြင်းဖြင့် လျှို့ဝှက်ထိန်းသိမ်းမှုကို တင်းကျပ်စွာကာကွယ်သည်။